မျက်ဝန်းတစ်ဝိုက်က ကျီးခြေရာများ
အသက်ကြီးလာတဲ့အခါ အရေးအကြောင်းတွေ ပေါ်လာတာဟာ ဓမ္မတာပါပဲ။ မျက်ဝန်းတစ်ဝိုက်က အရေးပြားဟာ တစ်ရှူးစာရွက်လေးလိုပိုပြီး ပါးလွှာတဲ့အတွက် အရေးအကြောင်း ပိုဖြစ်လွယ်ပါတယ်။
ကျီးခြေရာဆိုတာက မျက်နှာပေါ်ကို ကျီးတက်နင်းသွားလို့ ကျန်တဲ့ခြေရာ မဟုတ်ပါဘူးနော်။
ပြုံးရယ်လိုက်တဲ့အခါမှာ ပေါ်လာတဲ့ ဒါမှမဟုတ် ဒီတိုင်းနေရင်တောင် ရှိနေတဲ့ မျက်ဝန်းတစ်ဝိုက်က အရေးအကြောင်းတွေကို ကျီးခြေရာလို့ ခေါ်တာပါ။
ဘာကြောင့်ဖြစ်သလဲ?
နံပါတ်တစ်ကတော့ အသက်ကြီးလာလို့ပါ။ အသက်အရွယ်ရလာတာနဲ့အမျှ elastin နဲ့ collagen ဆိုတဲ့ ပရိုတင်းနှစ်မျိုး ခန္ဓာကိုယ်မှာ လျော့နည်းလာတဲ့အခါ တစ်ကိုယ်လုံးက အသားအရေတွေ တင်းရင်းမှုမရှိတော့ဘဲ လျော့ရဲလာပါတယ်။ ပါးလွှာတဲ့ မျက်ဝန်းတစ်ဝိုက်က အသားအရေက ပိုသိသာတာပေါ့။
နောက်တစ်ခုကတော့ မိတ်ကပ်တွေ၊ skin care တွေ လိမ်းတဲ့အခါ ခပ်ကြမ်းကြမ်း ပွတ်ဆွဲပြီး လိမ်းကျင့်ရှိသူတွေမှာ ကျီးခြေရာတွေ ပိုအဖြစ်များပါတယ်။ Smile line ဒါမှမဟုတ် fine line လို့ခေါ်တဲ့ ရယ်လိုက်၊ မျက်နှာအမူအယာ ပြင်းပြင်းထန်ထန်လှုပ်ရှားလိုက်တဲ့အခါမှာ ပေါ်လာတတ်တဲ့ အရေးအကြောင်းတွေထဲမှာ ကျီးခြေရာလည်း ပါပါတယ်။ ဒါကြောင့် မျက်နှာကို ရှုံ့လိုက်မဲ့လိုက် အမူအယာအမျိုးမျိုးလုပ်လေ့ရှိသူတွေ၊ မျက်နှာကို ရှုံ့တွပြီး ရယ်မောလေ့ရှိသူတွေမှာ စောစောပိုဖြစ်တတ်ပါတယ်။
ကျီးခြေရာတွေက ဘာမှ အန္တရာယ်မပေးပေမယ့်လည်း အလှအပကို ဖျက်စီးတဲ့အရာမို့ မကြိုက်တဲ့သူလည်း များလှပါတယ်။
ဘယ်လိုကာကွယ်မလဲ?
မျက်နှာကို cleansing, toning, moisturizing နေ့စဥ် သေချာလုပ်ရပါမယ်။ Vitamin C နဲ့ collagen ပါတဲ့ eye cream နေ့စဥ်ပုံမှန်လိမ်းပါ။ လိမ်းတဲ့အခါမှာလည်း ဖိအားအနည်းဆုံးသုံးရတဲ့ လက်ချောင်းဖြစ်တဲ့ လက်သူကြွယ်လေးနဲ့ အသာအယာပုတ်ပြီး လိမ်းရပါမယ်။ ဖိပြီး ပွတ်ဆွဲပြီး လိမ်းတာမျိုးကို ရှောင်ရပါမယ်။
Suncream ပုံမှန်လိမ်းတာ၊ အပြင်သွားရင် နေကာမျက်မှန်တပ်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ ရေများများသောက်တာ၊ အသီးအရွက် အစေ့အဆံတွေ များများစားတာ၊ ဆေးလိပ်ဖြတ်တာ၊ အရက်လျှော့သောက်တာတွေကလည်း ကျီးခြေရာအပါအဝင် အရေးအကြောင်းတွေ စောစောမဖြစ်အောင် ကာကွယ်ပေးမှာပါ။
ကုသနည်းတွေက....
- Topical cream လိမ်းဆေးတွေလိမ်းတာ
Retin A နဲ့ အသားအရေစိုပြေစေတဲ့ moisturizing effects ပါတဲ့ ခရင်မ်တွေ သုံးလို့ရပါတယ်။ အာနိသင်ကတော့ ၂၄ ပတ် အတွင်းသိသာနိုင်ပါတယ်။
Aging process စတဲ့ အသက် ၃၀ ကနေ ၅၀ အတွင်းမှာ botox ထိုးရင် အာနိသင်ကောင်းစွာ ရနိုင်ပေမယ့် အသက်အရွယ် ကြီးရင့်သူတွေမှာတော့ အာနိသင်ရဖို့ ခက်ခဲတတ်ပါတယ်။ သေးငယ်တဲ့အပ်ကလေးနဲ့ ဆေးထိုးချိန်ကလည်း မကြာတာမို့ နာကျင်ခြင်း မရှိတဲ့ ကုသမှုလို့ပြောလို့ရပါတယ်။
အသက်အရွယ်ကြီးခြင်းကြောင့် ဖြစ်စေ၊ အရေပြားထိခိုက်ခြင်းကြောင့် ဖြစ်စေ ဆုံးရှုံးသွားတဲ့ collagen တွေကို filler သွင်းခြင်းဖြင့် ပြန်ဖြည့်နိုင်ပြီး အရေးအကြောင်းတွေ၊ အသားအရေတွန့်တာ၊ တွဲတာတွေ သက်သာကာ အသားအရေကို ချောမွေ့စေနိုင်ပါတယ်။ Filler သွင်းချိန် မိနစ် ၂၀ကနေ နာရီဝက်ခန့် ကြာနိုင်ပြီး အာနိသင်ကတော့ အသားအရေပေါ်မူတည်ပြီး ၆လကနေ ၁နှစ်ထိ ရှိနိုင်ပါတယ်။
ဒါကတော့ အရေပြားရဲ့ အပေါ်ယံအလွှာက ဆဲလ်သေတွေကို ဖယ်ရှားပြီး နုပျိုကျန်းမာတဲ့ အသားအရေကို ရစေတာမို့ ကျီးခြေရာတွေကိုလည်း သက်သာစေတာပါ။
လေဆာနဲ့ ကုတာကလည်း အရေပြားရဲ့ အပေါ်ယံလွှာကို ဖယ်ရှားပြီးဆဲလ်အသစ်တွေနဲ့ collagen တွေ ထွက်စေတာမို့ ကျီးခြေရာအတွက် ကုသတဲ့နေရာမှာ သုံးကြပါတယ်။ လေဆာနဲ့ ကုသတာဟာ ၁၀နှစ်လောက် ပိုမိုနုပျိုတဲ့ အသွင်အပြင်ကို ရစေပြီး အာနိသင်ကလည်း ၁၀နှစ်လောက်ခံတာမို့ လူကြိုက်များတဲ့ ကုထုံးတစ်ခုပါပဲ။
ဘယ်ကုသမှုက ကိုယ်နဲ့အသင့်တော်ဆုံး အထိရောက်ဆုံးဖြစ်မလဲ ဆိုတာကိုတော့ အရေပြားဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ ကုသမှုခံယူတာ အကောင်းဆုံးပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။